ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများ ဖြစ်သည့် ဇီးတောကျေးရွာ၊ ဝင်္ဂဘော်ကျေးရွာ၊ပျဉ်ပုံ(တောင်ပိုင်း)၊ သဲဖြူချောင်းကျေးရွာ၊ မယ်သီလကန် ကျေးရွာ၊ တောင်ပို့တရာကျေးရွာ၊ တာဝဘူတာကျေးရွာ၊ ကျိုက်ဒေးယုံကျေးရွာ၊ တပ်ကလေး(မြောက်စု) ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရေးလုပ်ငန်းကော်မတီများအနက် ကော်မတီဝင်(၂)ဦးတို့အား ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း(VDP)စီမံကိန်း စီမံချက်ရေးဆွဲနည်းသင်တန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေရေးဆွဲရေး အစီအစဉ်(AVIP)သင်တန်းကို ယခုလ ဒုတိယအပတ်တွင် ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း စီမံချက်ရေးဆွဲနည်းသင်တန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ ရေးဆွဲရေးအစီအစဉ်(AVIP)သင်တန်း အဖွင့်အမှာစကားပြာကြားခဲ့ပြီး ဆက်လက်၍ ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင်များ၏ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းတွင် စီမံကိန်းကျေးရွာ(၉)ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သင်တန်းသား/ သင်တန်းသူ(၁၈)ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် စီမံကိန်းဆိုင်ရာအချက်အလက်များ ကောက်ခံ ခြင်း၊ ရေးသွင်းခြင်း၊ ကျေးရွာသယံဇာတမြေပုံနှင့် ရာသီခွင်ပြ ပြက္ခဒိန်ရေးဆွဲခြင်းများ၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်းမှရရှိလာသည့် ကျေးရွာ၏ပကတိလိုအပ်သည့် ဦးစားပေး ဖွံ့ဖြိုးရေးလုပ်ငန်းအား အများသဘောတူရွေးချယ်ခြင်းများ၊ ဖွံ့ဖြိုးရေးရန်ပုံငွေ ရေးဆွဲခြင်းအစီအစဉ်များအား သင်ကြားပေး ခဲ့ပြီး သင်တန်းကာလမှာ(၅)ရက်ကြာမြင့်ခဲ့ပါသည်။