Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်း‌‌ဒေသကြီး ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းဖွင့်လှစ်ပို့ချ

14 August 23

ပဲခူးတိုင်း‌‌ဒေသကြီး ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းဖွင့်လှစ်ပို့ချ

ရက်စွဲ၊ ၁၄.၈.၂၀၂၃

 

ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ ဆပ်ပြာချက် သင်တန်းအား (၉.၈.၂၀၂၃)ရက်နေ့မှ (၁၄.၈.၂၀၂၃)ရက်နေ့ထိ ဖွင့်လှစ်ပို့ချလျှက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်ဦးစီးမှူးဦးအောင်ကြီးမှ တက်ရောက်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ရည်ချက်နှင့် ပတ်သက်၍ ရှင်လင်းပြောကြားခဲ့ပါသည်။ သင်တန်းအား ကျွမ်းကျင်နည်းပြဆရာမ(၁)ဦးဖြင့် ပို့ချဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းသို့ ကျေးရွာမှ သင်တန်းသား/သူ(၂၀)ဦး တက်ရောက် လျှက်ရှိ ကြောင်းသိရသည်။