ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း(RBF) စီမံကိန်း လျာထားဆောင်ရွက်ရန် သဖန်းချိုကျေးရွာအုပ်စု၊ လေးကြီးကျေးရွာသိူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
သတင်းမှာ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်နေသည့် သဖန်းချိုကျေးရွာအုပ်စု လေးကြီးကျေးရွာ၌ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း(RBF)စီမံကိန်း လျာထားဆောင်ရွက်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဖြိုးသူမောင်နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းတို့မှ (၈-၈-၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု့ခဲ့ကြ၍ ကျေးရွာသူ/ ကျေးရွာသားများနှင့် တွေ့ဆုံကာ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းမှ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း(RBF) စီမံကိန်းနှင့် ပတ်သက် သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး စီမံကိန်းရရှိလာပါက ကျေးရွာအတွက် အကျိုး ကျေးဇူးများ များစွာရရှိလာမည် ဖြစ်ကြောင်းနှင့် အစုအဖွဲ့ဖြင့် ဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများလဲ ရရှိလာမည် ဖြစ်ကြောင်း၊ ပြောကြားဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။