ရခိုင်ပြည်နယ်၊ စစ်တွေမြို့
၂၀၂၃ ခုနှစ် သြဂုတ် လ ၁၄ ရက်
၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကွက်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ် ကျေးလက်ဦးစီးဌာန မှ ဘဏ္ဍာရေးတာဝန်ရှိ ဝန်ထမ်းများ တက်ရောက်ကြပြီး အဆိုပါသင်တန်းသို့ ဒေါ်မြသန္တာသန်း ဒုတိယညွှန်ကြားရေးမှူး မှ အဖွင့်အမှာစကားပြောကြားပြီး ဘဏ္ဍာရေးဆိုင်ရာ လိုအပ်သည် များကို အသေးစိတ်ရှင်းလင်း မှာကြားခဲ့ပါသည်။
ဘဏ္ဍာရေးဆိုင်ရာ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ခြင်းဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်/မြို့နယ်ကျေးလက်ဦးစီးမှူးရုံးများတွင် လုပ်ငန်းများ အချိန်မှီပြီးစီးနိုင်ရေးနှင့် စာရင်းစစ်ကန့်ကွက်ချက် လျော့ကျစေရေးအတွက် အထောက် အကူပြုနိုင်ရန်နှင့် သက်ဆိုင်ရာခရိုင်/မြို့နယ် ဘဏ္ဍာရေးဌာနစိတ် ငွေစာရင်းကိုင် တာဝန်ရှိ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။