နေပြည်တော် ဩဂုတ် ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို
မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေ ကြသည့်တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ
ဝန်ထမ်းများအား စီမံကိန်း သဘောသဘာဝနှင့် သဘောတရားများကို ထိထိမိမိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း
အကောင်အထည်ဖော်ရေး သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီအချိန်ကနေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရ သည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်က မိမိတို့ဦးစီးဌာနအနေဖြင့် မြို့ပြနှင့်ကျေးလက်အကြား ဖွံ့ဖြိုးမှုကွာဟချက်
ကျဉ်းမြောင်း စေရေးနဲ့ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက်ဘက်စုံ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဦးစားပေး
ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒီလိုဆောင်ရွက် လျက်ရှိရာမှာ ယခု အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ခေတ်မီ စံပြကျေးရွာ ထူထောင်ရေး စီမံကိန်းလည်း
တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ခေတ်မီစံပြကျေးရွာထူထောင် ရေးစီမံကိန်းကို ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်မှ စတင်၍ ကျေးရွာ (၄၃)ရွာမှာ စမ်းသပ်ဆောင်ရွက်ခဲ့ရာ တချို့ ဒေသတွေမှာ
စံနမူနာပြ အောင်မြင်မှုများရှိသလို တချို့ဒေသတွေမှာလည်း အားစိုက်ဆောင်ရွက်ဖို့လိုအပ်နေသေးတာကို တွေ့ရှိရပါကြောင်း၊ စီမံကိန်း ဆောင်ရွက်သည့်ပုံစံသည် မိမိတို့ ဦးစီးဌာန
တစ်ခုတည်းဖြင့် ဆောင်ရွက်သည့် ပုံစံမျိုးမဟုတ်ဘဲ ဆက်စပ်ဦးစီး ဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ရသည့် ပုံစံဖြစ်သည့်အတွက် သင်တန်း သား/သူများအနေဖြင့်
စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့ မြို့နယ်များရှိဆက်စပ်ဦးစီးဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ စီမံကိန်း သဘော သဘာဝနှင့်
သဘောတရားများကို နားလည်သဘောပေါက်ပြီး ခေတ်မီစံပြ ကျေးရွာများ ဖြစ်ပေါ်လာစေရေးစီမံကိန်း လက်စွဲစာစောင်နှင့်အညီ ကဏ္ဍအားလုံး အချိတ်အဆက်မိမိ ဆောင်ရွက်စေလိုကြောင်း
မှာကြား ပါသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမျိုးနိုင်အောင်က ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း မူဝါဒပိုင်းဆိုင်ရာများအား
လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းကခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အကြောင်းအရာများ အားလည်းကောင်း
အသီးသီးပို့ချဆွေးနွေးကြပါသည်။အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ရေး သင်တန်းကို ပြည်ထောင်စုနယ်မြေ၊
နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ စုစုပေါင်း သင်တန်းသား
သင်တန်းသူ(၅၁)ဦးတက်ရောက်ကြပြီး သင်တန်းတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံချက ရေးဆွဲခြင်း၊ကျေးရွာအဆင့်နေထိုင်မှု အခြေအနေစစ်တမ်းကောက်ယူခြင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊
ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းဆိုင်ရာစီမံကိန်းအဆိုပြုလွှာရေးသားနည်း၊ ရန်ပုံငွေလွှဲပြောင်းခြင်း၊ ငွေစာရင်းပုံစံရေးသွင်းခြင်း၊ စီမံကိန်း
အစီရင် ခံစာရေးသာခြင်းဆိုင်ရာ အကြောင်းအရာများကို လေးရက်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဘက်စုံဖွံ့ဖြိုးသည့် ကျေးရွာများဖြစ်ပေါ် စေရေး ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ၂၀၂၂-၂၀၂၃ ခု
ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အထိ တိုင်းဒေသကြီး/ပြည်နယ် (၁၄)ခုရှိမြို့နယ် (၈၂)မြို့နယ်၊ ကျေးရွာ(၈၈)ရွာ၌ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ
စီမံကိန်းကာလမှာ စီမံကိန်းစတင်သည့်နှစ်မှစ၍ ငါးနှစ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊စီမံကိန်းကျေးရွာတစ်ရွာကို စီမံကိန်းရန်ပုံငွေ ကျပ်သန်း ၆၀ ထောက်ပံ့
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။