Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရေဖြူမြို့နယ် ကျောက္ကဒင်ကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေထုတ်ချေး

14 August 23

          တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုး မွေးမြူရေးနှင့် အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လော့သိုင်းကျေးရွာအုပ်စု ကျောက္ကဒင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေးခြင်းကို ဩဂုတ် ၁၃ ရက်တွင် အဆိုပါကျေးရွာ၌ ဆောင်ရွက်သည်။

          ရှေးဦးစွာ ရေဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဦးအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

          ဆက်လက်၍ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဦးအောင်က  ကျောက္ကဒင်ကျေးရွာ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များအား ရန်ပုံငွေကျပ်သိန်း ၃၀၀ ကို လွှဲပြောင်းပေးအပ်သည်။

          ထို့နောက် ကျောက္ကဒင်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပထမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၅ ဦး ၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦးနှင့် ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ ၄ ဦး စုစုပေါင်း ၂၉ ဦး တို့အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် သိန်း ၃၀၀ ထုတ်ချေးပေးကြောင်း ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဦးအောင်မှ သိရသည်။