ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်အတွက် အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားအား ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ ရွှေဗဟိုရ်ကျေးရွာ၊ ဒေါ််််းတိုးတိုးရီနေအိမ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးမျိုးသန်းဦးမှ သင်တန်းဖွင့်အမှာစကားပြောကြား၍ ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒေါ် နီလာစိုးမှ သင်တန်းသူများထံသို့ သင်ထောက်ကူပစ္စည်းများပေးအပ်၍ သင်တန်းနည်းပြ ဒေါ် ခင်လေးဆွေမှ သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းအား သင်တန်းကာလရက်(၃၀)ဖြင့် သင်တန်းသူ(၂၀)ဦးအား စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။