Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

04 August 23

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲအခမ်းအနားအား ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးမျိုးသန်းဦးက အဖွင့်အမှာစကားပြောကြား၍  ဇေယျာသီရိခရိုင်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒေါ်် နီလာစိုးမှ သင်တန်းတက်ရောက်မည့် သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး သင်တန်းနည်းပြ၊ ဒေါ် နန္ဒာညွန့်ဝင်းမှ သင်တန်းတွင်ပို့ချမည့်ဘာသာရပ်များအား ရှင်းလင်းပြသခဲ့ပါသည်။

အဆိုပါသင်တန်းအား သင်တန်းကာလ ရက်(၃၀)ဖြင့် စာတွေ့လက်တွေ့သင်ကြားပိုးချပေးသွားမည်ဖြစ်ပါသည်။