စစ်တွေခရိုင်၊ စစ်တွေမြို့နယ်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဦးညီညီ လက်ထောက်ညွှန်ကြားရေးမှူး၊နှင့် မြို့နယ်ကျေးလက်ဦးစီးဝန်ထမ်းများမှာ သြဂုတ်လ ၉ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့နယ် အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသော ပျားလည်ချောင်းကျေးရွာရှိ လက်တူးတွင်းခေါင်မိုးများပြုပြင်ခြင်းလုပ်ငန်းများအား သွားရောက်စစ်ဆေးခဲ့ပါသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးလက်နေပြည်သူများ ရာသီမရွေး သန့်ရှင်းသော သောက်သုံးရေရှိနိုင်ရေးအတွက် မိုခါလေပြင်းမုန်တိုင်းတိုက်ခတ်မှု ကြောင့် ပျက်စီးဆုံးရှုံးသွားသော လက်တူးတွင်းခေါင်မိုး (၇၉)ခု၊အမြင့်တင်ရေစင် ခေါင်မိုး(၃) ခု အား ကျေးရွာ (၂၅)ရွာတွင် ပြန်လည်ဆောင်ရွက်လျှက်ရှိပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေ အား ကွင်းဆင်း စစ်ဆေးခဲ့ပါကြောင်းသိရှိရပါသည်။