ရခိုင်ပြည်နယ်၊စစ်တွေမြို့
ရက်စွဲ၊ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၁ ရက်
၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တင်ဒါလုပ်ငန်းများ စာချုပ်ချုပ်ဆိုသည့် အခမ်းအနားကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၉း၃၀ တွင် ရခိုင်ပြည်နယ်ကျေးလက်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူး ဦးဦးချစ်မောင် ညွှန်ကြားရေးမှူး မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးများ မှလည်း ကုမ္ပဏီတာဝန်ရှိသူများအား လိုအပ် သည်များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။ တင်ဒါလုပ်ငန်းများ စာချုပ်ချုပ်ဆိုသည့် အခမ်းအနားသို့ တင်ဒါအောင်မြင်သည့် တည်ဆောက်ရေးလုပ်ငန်းရှင်ကုမ္ပဏီ (၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။