သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၏ “အရှေ့-အာရှကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း” လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁၁-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းမှ စီမံကိန်းဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါအစည်းအဝေးကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော် တိုင်း ညွှန်ကြားရေးမှူး၊ စီမံကိန်းတာဝန်ခံများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။