Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တန့်ယန်းမြို့နယ် နမ့်စီစိမ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ပထမအကြိမ်ထုတ်ချေး

11 August 23

 တန့်ယန်း ဩဂုတ် ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်း စတင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နမ့်စီစိမ်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပထမအကြိမ် ထုတ်ချေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

ထိုသို့ထုတ်ချေးပေးရာတွင် တန့်ယန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝေယုဇနခိုင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိသားစု စားဝတ်နေရေးအခက်အခဲများ လျော့နည်းစေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ကျေးရွာမြစိမ်းစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအား စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပါသည်။

ထို့နောက် ကျေးရွာမြစိမ်းရောင်စီမံကိန်းရန်လုပ်ငန်းအဖွဲ့ဝင်များက  နမ့်စီစိမ်ကျေးရွာအတွက်  မြစိမ်းရောင်စီမံကိန်း ပထမအကြိမ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူ‌ရေး ၊အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်မည့်သူ စုစုပေါင်း အသင်သား ၂၄ ဦးအား စီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၀၀ ကို ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝေယုဇနခိုင်က ပြောပြ၍သိရသည်။