Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဂဝံကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေးစစ်ဆေး

11 August 23

       တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဥဿရံ(အရှေ့)ကျေးရွာ၌ ဂဝံကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေး မြေပြင် အခြေအနေများကို ဩဂုတ်လ  (၉)ရက်နေ့တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးမြင့်ဦးအောင်နှင့်တာဝန်ရှိသူများက  ကျေးရွာကော်မတီများနှင့်အတူ ဥဿရံ(အရှေ့)ကျေးရွာ၌ ဂဝံကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေး မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေး တိုင်းတာခြင်းများပြုလုပ် ပြီး ဒုတိယဦးစီးမှူးက ဂဝံကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

          ရေဖြူမြို့နယ် ဥဿရံ(အရှေ့)ကျေးရွာ၌ လမ်းအရှည် ၁ မိုင် ၄ ဖာလုံ ၊အကျယ် ၁၉ ပေ၊ထု ၉ လက်မ ဂဝံကုန်ထုတ်လမ်းဖောက်လုပ်ငန်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၁၃၇ ဒသမ ၂၅၀ သန်းဖြင့် တင်ဒါခေါ်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။