ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ ကျောက်ခဲအင်းကျေးရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆဌမအကြိမ်ရန်ပုံငွေထုတ်ချေးပွဲအခမ်းအနားအား အဆိုပါကျေးရွာရှိ SMU ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒက္ခိဏသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဒေါ် လဲ့လဲ့နိုင်မှ စီမံကိန်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်၊ ရရှိလာမည့်အကျိုးကျေးဇူးများ ချပြရှင်းလင်း၍ ကျေးရွာတွင် စီမံကိန်းရေရှည်တည်တန့်အောင် ထိန်းသိမ်းရန်ပြောကြားပြီး လည်ပတ်ရန်ပုံငွေကျပ်(၄၀)သန်းအား ကျေးရွာစီမံ ကိန်းအကောင်အထည်ဖော််ရေးလုပ်ငန်းအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ကျေးရွာစီမံကိန်းအကောင်အထည်ဖော််ရေးလုပ်ငန်းအဖွဲ့မှ စိုက်ပျိုးရေးလုပ်ကိုင်သူ(၆၆)ဦး၊ ရန်ပုံငွေကျပ်(၂၀.၅၄)သန်း၊ မွေးမြူရေးလုပ်ကိုင်သူ(၁၂၈)ဦး၊ ရန်ပုံငွေကျပ်(၁၆.၆၆)သန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ(၉)ဦး၊ ရန်ပုံငွေကျပ်(၂.၈)သန်း၊ စုစုပေါင်း အသင်းသား(၂၀၃)ဦး၊ ရန်ပုံငွေကျပ်(၄၀)သန်းအား ထုတ်ချေးပေးခဲ့ပါသည်။