Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်‌ရေး Advance Excel သင်တန်းဖွင့်ပွဲကျင်းပ

02 August 23

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနတွင် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖွင့်လှစ်လျက်ရှိရာ Advance Excel သင်တန်းဖွင့်ပွဲ  အခမ်းအနားကို သြဂုတ်လ ၂ ရက် နေ့တွင် ရန်ကုန်တိုင်းဒေသကြီး‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပသည်။

          ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်ဇော်နောင်မှ သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့်တိုးတက်လာသော  IT ခေတ်တွင် ခေတ်မီသော ရုံးလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်အတွက် နည်းပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယခုသင်တန်းအားဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်ခြင်းဖြင့် ရုံးလုပ်ငန်းနှင့်သက်ဆိုင်သော စာရင်းဇယားများ ဖြည့်သွင်းရာတွင် လွယ်ကူစေမည်ဖြစ်ပြီး ၊ဝန်ထမ်းများ အနေဖြင့်လည်း မဖြစ်မနေအသုံးပြုရမည် ဖြစ်သည့်အတွက် နည်းပညာများသင်ယူလေ့လာရာတွင် ဌာနအတွက် သာမက မိမိဘဝအတွက်ပါ တိုးတက်လာစေမည်ဖြစ်သောကြောင့် ဂရုတစိုက် သင်ယူကြရန်နှင့် မိမိသင်ယူ တတ်မြောက်သော အသိပညာများကိုလည်း သက်ဆိုင်ရာမြို့နယ်တွင် အသိပညာများ မျှဝေပြီး ပြန်လည် အသုံးချကြရန် မှာကြားသည်။

                        အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကွပ်ကဲမှု အောက်ရှိ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား/ သူ (၂၀)ဦး တက်ရောက်ကြပြီး Optimum Institute Of Business and Techology Studies မှ ဆရာမ ဒေါ်အေးသီတာဝင်း တို့က  သြဂုတ်လ ၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ တစ်ပတ်လျှင်(၃)ရက် သင်ကြားပို့ချမည် ဖြစ်ကြောင်းသိရသည်။