Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အောင်ချမ်းသာကျေးရွာတွင် မြစိမ်းရောင်မတည်ရန်ပုံငွေ တတိယအကြိမ်(ဆပ်ချေးထုတ်စနစ်)ဖြင့် ထုတ်ချေးခြင်း

10 August 23

ရွှေဘိုမြို့နယ် အောင်ချမ်းသာကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ တတိယအကြိမ်ထုတ်ချေး
=====================================================

 ဩဂုတ်   ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင်အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကြေးအရင်းအနှီးရရှိပြီး မိသားစု စားဝတ်နေရေးကို အထောက်အကူပြုနိုင်ရန်အတွက် အောင်ချမ်းသာကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ တတိယအကြိမ် ထုတ်ချေးပေးခြင်းကို ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်နှင် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်းရန်ပုံငွေကျပ် ၃၉၃ ဒသမ ၅ သိန်းကို အောင်ချမ်းသာကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများနှင့် အောင်ချမ်းသာကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု (၉၄)စုအား ငွေကျပ် ၃၉၃ ဒသမ ၅ သိန်းကို တစ်ဦးချင်းလက်ဝယ်အရောက် စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကြေးအရင်းအနှီးရရှိရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန် တကယ်လိုအပ်သော အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်နှင့် ကျေးလက်လူထု၏စွမ်းဆောင်ရည်များမြင့်မားလာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း  ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကိုမြတ်