ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲအခမ်းအနားအား ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ကံသာအေးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးမျိုးသန်းဦးက သင်တန်းဖွင့်အမှာစကားပြောကြား၍ သင်တန်းနည်းပြဒေါ် ပိုင်သွယ်ကြွယ်မှ သင်တန်းတွင် သင်ကြားပို့ချမည့်ဘာသာရပ်များရှင်းလင်းပြောကြားပြီး ဇေယျာသီရိခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးမှ သင်ထောက်ကူပစ္စည်းများအား သင်တန်းသူများထံပေးအပ်ခဲပါသည်.။
အဆိုပ်သင်တန်းမှ စာတွေ့/လက်တွေ့အား သင်တန်းကာလ ရက်ပေါင်း(၃၀)ကြာ သင်ကြားဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။