Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အင်္ဂပူမြို့နယ် ညောင်ပင်လျှိုကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်

09 August 23

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ)ခွင့်ပြုရန်ပုံငွေ ကျပ်(၁၇.၀၀)သန်းဖြင့် ညောင်ပင်လျှိုကျေးရွာ တွင်းနက်တူးဖော်ခြင်း(၄.၅”Ø,၄၀၀’၊ရေစက်ရုံ၊ရေကန်၊ခြံစည်းရိုး) လုပ်ငန်းအား (၁၄.၀၅.၂၀၂၃)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ (၀၂.၀၈.၂၀၂၃)ရက်နေ့တွင် လုပ်ငန်း(၁၀၀%) ဆောင်ရွက် ပြီးစီးပြီးကြောင်း၊အဆိုပါ တွင်းနက်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပေးခဲ့သည့်အတွက်  အိမ်ခြေ(၄၂)အိမ်၊ လူဦးရေ(၁၅၄) ဦးအတွက် သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာရရှိမည်ဖြစ်ကြောင်း၊ ရေစက် မောင်းနှင်ရန်အတွက် ကျေးရွာတွင် လစဉ် တစ်အိမ်လျှင်(၅၀ဝိ/-)နှုန်းဖြင့် ရန်ပုံငွေကောက်ခံကာ စာရင်းထားရှိ၍ လိုအပ်သည့်နေရာ များတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း၊ကျေးရွာမှ မိမိတို့အိမ်ရှေ့အရောက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကိုလည်း ဆက်လက်ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။