Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တန့်ယန်းမြို့နယ် နမ့်ဟူးလွယ်ကာကျေးရွာ၌ RBF စီမံကိန်းလုပ်ငန်းများဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး

08 August 23

ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်ကျေးလက်ဒေသဖွွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နမ့်ဟူး လွယ်ကာကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်း(RBF) လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရသည်။ ထိုသို့ကွင်းဆင်းစစ်‌ဆေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်း၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးတင်အောင်လွင်နှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ နမ့်ဟူးလွယ်ကာ ကျေးရွာ၌ အစုအဖွဲ့စနစ်ဖြင့် နာနတ်စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ငွေစာရင်းပုံစံများ စနစ်တကျဖြည့်သွင်းထားခြင်းရှိ/မရှိနှင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်းက စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။ နမ့်ဟူးလွယ်ကာကျေးရွာ၌ အစုအဖွဲ့စနစ်ဖြင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း လုပ်ငန်းစီမံကိန်း(RBF) ရန်ပုံငွေကျပ် သိန်း ၃၀၀ ဖြင့် အဆိုပါကျေးရွာရှိ နာနတ်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေရန် ရည်ရွယ်၍  စီမံကိန်း ရန်ပုံငွေ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးတင်အောင်လွင်က ပြောပြ၍သိရသည်။