မံစီ ဩဂုတ် ၅ ရက်
=====================
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုတးက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများမှ ကော်မတီဝင်များအား စီမံချက်ရေးဆွဲနည်းသင်တန်း ဖွင့်ပွဲကို ဩဂုတ် ၃ ရက် နံနက်ပိုင်းက အဆိုပါဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတန်ဂျီးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ပို့ချရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် သင်ကြားပို့ချပေးမှုများကို စိတ်ပါဝင်စားစွာ မှတ်သားလိုက်နာ၍ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မံစီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များ၊ သင်တန်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းသင်တန်းသို့ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် မံစီမြို့နယ်အတွင်းရှိ ချင်းထောက်၊ စံလွန်ယာန်၊ ကျော်ခေါင်ကျေးရွာ တို့မှ ကျေးရွာကော်မတီဝင် ၁၈ ဦး တက်ရောက်ကြပြီး သင်တန်းတွင် VDP စီမံချက်ရေးဆွဲနည်းဆိုင်ရာ ဘာသာရပ်များကို မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများက ဩဂုတ် ၃ ရက်မှ ၇ ရက်ထိ ၅ ရက်ကြာ စာတွေ့၊ လက်တွေ့ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။