ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ပိန္နဲကွင်းကျေးရွာအုပ်စု၊ ပိန္နဲကွင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ပထမအကြိမ် ရန်ပုံငွေထုတ်ပေးခြင်းကို ဩဂုတ်လ ၇ရက် မွန်းလွဲ ၁နာရီတွင် ပိန္နဲကွင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးနှင့် တာဝန်ခံဝန်ထမ်းများက ပိန္နဲကွင်းကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့များနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၅၁)ဦးအား ငွေကျပ် (၁၉၁)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၅)ဦးအား ငွေကျပ် (၃၃)သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၂၆)ဦးအား ငွေကျပ် (၆၂)သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ (၉)ဦး ငွေကျပ်(၁၄)သိန်း၊ စုစုပေါင်းစီမံကိန်းရန်ပုံငွေကျပ် (၃၀၀)သိန်းအား အသင်းသားစုစုပေါင်း(၁၀၁)ဦးထံ ထုတ်ချေးပေးခဲ့ပါသည်။