ပဲခူးတိုင်း ၂၀၂၃ ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီးအတွင်း တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ခပေါင်းတိန်စံပြကျေးရွာမှာ ဒေသဝင်ငွေတိုးပွားစေရန်အလို့ငှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင် အသင်းသားများနှင့် NFF ကုမ္ပဏီတို့ ပူးပေါင်းပြီး ဂျပန်ရုံးပတီမျိုး (၁၆)ဧက စတင်စမ်းသပ် စိုက်ပျိုးနေမှု အခြေအနေအား တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်မှ ကွင်းဆင်းလေ့လာ ကြည့်ရှုခဲ့ပြီး တခြားနိုင်ငံများနည်းတူ ပလပ်စတစ်မိုးထားသောGreen House စနစ်ထည့်သွင်း ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ထွက်ရှိလာမည့် သီးနှံသည် ပိုးမွှားအနာအဆာကင်းခြင်း၊ အရည်အသွေးကောင်းမွန်သောသီးနှံဖြစ်ထွန်းခြင်း၊ ဈေးကောင်း ရခြင်းနှင့် မိသားစုဝင်ငွေ ပိုမိုရရှိစေရန် ရည်ရွယ်၍ သက်ဆိုင်သူအားလုံးနှင့် ပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။