Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ် နွယ်တမယ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်လုပ်ငန်းဆောင်ရွက်‌နေမှုအ‌ခြေအနေများအားကွင်းဆင်းစစ်ဆေး

04 August 23

စလင်းမြို့နယ် နွယ်တမယ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်လုပ်ငန်းဆောင်ရွက်‌နေမှုအ‌ခြေအနေများအားကွင်းဆင်းစစ်ဆေး
=====================================================================================
စလင်း       ဩဂုတ်         ၃
 
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၊နွယ်တမယ်ကျေးရွာ အုပ်စု၊နွယ်တမယ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာတာဝန်ရှိ သူများက ဩဂုတ်(၂) ရက်နံနက်ပိုင်း၌ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦး‌မောင်မောင်သွင်နှင့် ဝန်ထမ်းများသည် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ နွယ်တမယ်ကျေးရွာ ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊လစဉ်ဖြည့်သွင့်ရမည့် စာရင်းဇယားများ စနစ်တကျဖြည့်သွင်းထားမှုနှင့် စီမံကိန်းဆိုင်ရာညွှန်ကြားချက်များ၊စည်းမျဉ်း စည်းကမ်းများအပေါ် လိုက်နာဆောင်ရွက်မှု အခြေအနေများအားစစ် ဆေးခဲ့သည်။
 
ထို့နောက် မြို့နယ်ဦးစီးမှူးဦး‌မောင်မောင်သွင်က ချေးငွေရယူထားသူအသင်းသားများအား အစည်းအဝေးခေါ်ယူပြီး အရင်းဆပ်ကာလနီးကပ်လာ၍  အရင်းငွေအားသတ်မှတ်ရက်များတွင်ဘဏ်သို့ပေးသွင်းနိုင်ရေး အလေးထား ဆောင်ရွက်စေလိုကြောင်း၊မိမိတို့ကျေးရွာဘဏ်အကောင့်ထဲသို့ ငွေဝင်ပြီးပါက လအတွင်းပြန်လည်ထုတ်ချေးပေးမည်ဖြစ်ကြောင်းရှင်းလင်း‌ပြောကြားခဲ့သည်။
 
အဆိုပါ နွယ်တမယ် ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းယခု အဌမနှစ်စက်ဝန်းတွင် စီမံကိန်းမှ စုစု‌‌ပေါင်းချေးငွေငွေကျပ် ၅၅ဒသမ၂ ဖြင့်စိုက်ပျိုး‌ရေး၊‌ မွေးမြူရေး၊အရောင်း အဝယ်အပါအဝင်အခြား လုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု (၂၃၇)စု ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး မိသားစု စီးပွားရေးလုပ်ငန်းများ တစ်ပိုင်တစ်နိုင် ဆောင်ရွက်နိုင်ရေး၊ကျေးလက်နှင့်မြို့ပြကွာဟမှုလျော့ချနိုင်ရေးအတွက် လိုအပ်သော ငွေကြေးနှင့်ဝန်ဆောင်မှုများ ကူညီပံ့ပိုးပေးလျက်ရှိကြောင်းစလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်ထံမှ ပြောပြ၍ သိရသည်။