ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
နေပြည်တော်
လျှောက်လွှာပိတ်ရက်ပြင်ဆင်သတ်မှတ်ကြောင်းအသိပေးကြော်ငြာခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ (၂၄-၆-၂၀၂၃) ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ခေါ်ယူ ထားသည့် အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ)၊ အငယ်တန်းအင်ဂျင်နီယာ-၄ (မြို့ပြ) ရာထူး နေရာများအတွက် လျှောက်လွှာပိတ်ရက် အား(၃၁-၇-၂၀၂၃)ရက်နေ့အစား (၁၄-၈-၂၀၂၃) ရက်နေ့ဟု ပြင်ဆင် သတ်မှတ် ကြောင်း အသိပေးအပ်ပါသည်။