Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တနင်္သာရီမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းညှိနှိုင်းဆွေးနွေး

31 July 23

တနင်္သာရီ ဇူလိုင် ၃၀

         တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ ၁၇ ရွာ၊ ၁၇ ယူနစ်နှင့်ပတ်သက်၍ မြို့နယ်အဆင့်ညှိနှိုင်းအစည်း အဝေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးကျော်သက်ထူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များ တက်ရောက်ကြသည်။

         အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သူဇာမိုးက မြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ ၁၇ ရွာ၏ ၁၇ ယူနစ်နှင့်ပတ်သက်၍ ကျေးရွာ တစ်ရွာချင်းအလိုက် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ပြဿနာများကို ရှင်းလင်းတင်ပြခြင်း တက်ရောက်လာကြသည့် စီမံကိန်းကော်မတီဝင်များက တွေ့ကြုံရသည့်အခက်အခဲပြဿနာနှင့် အားသာချက်၊အားနည်းချက်များကို  အပြန်အလှန် အကြံပြုရန်ဆွေးနွေးကြသည်။အခမ်းအနားအတွင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။