Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းခရိုင်၊ဟုမ္မလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထုံမာတဲကျေးရွာတွင် ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

25 July 23

စစ်ကိုင်း ဇူလိုင် ၂၅
 
                     စစ်ကိုင်းတိုင်းဒေသကြီး ၊ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် အတွင်းရှိကျေးလက်နေပြည်သူများ၏  လယ်ယာထွက်ကုန်ပစ္စည်းများ၊ အချိန်မီသယ်ပို့နိုင်စေရန်နှင့် စျေးနှုန်းသက်သာပြီး  စျေးကွက်သို့  လွယ်ကူလျှင်မြန်စွာ  ရာသီမရွေး ပေးပို့နိုင်စေရန် ရည်ရွယ်၍  ကျေးလက်ကုန်ထုတ်လမ်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ  ထုံမာတဲကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအခြေအနေအား (၂၅-၇-၂၀၂၃) ရက်နေ့တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
 
  ထိုသို့ ကွင်းဆင်းရာတွင် ဟုမ္မလင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းတို့မှ  ကုမ္ပဏီတာဝန်ခံ၊ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ ထုံမာတဲကျေးရွာ ကုန်ထုတ်လမ်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ၊  ကုန်ထုတ်လမ်းလုပ်ငန်းအရည် အသွေးကောင်းမွန်စေရေး၊ သတ်မှတ် စံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ပါသည်။
 
အဆိုပါ ထုံမာတဲကျေးရွာ ကုန်ထုတ်လမ်းအား  ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊    တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံ‌ငွေဖြင့်  (မြေ+ဂျင်း)(၀/၃မိုင် - ၁၈'-၂' ၉")ဆောင်ရွက်မှုလုပ်ငန်းများကို familypowerကုမ္မဏီမှတင်ဒါအောင်မြင်ခဲ့ပြီး ငွေကျပ်သန်း (၂၆၃.၇၇၂)ဖြင့် အကျိုးပြုအိမ်ခြေ (၁၄၃၂)၊လူဦးရေ (၈၃၅၅)၊စိုက်ပျိုးဧက (၆၂၇)ကျော်ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။
 
 
ကိုမြတ်