တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေး Project Cycle Management သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးတွင် ပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် မြိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထိုနောက် သင်တန်းနည်းပြဆရာ ဦးဆောအယ်လောဆောက စီမံကိန်းတစ်ခုရေးဆွဲရာတွင် တွေ့ကြုံရမည့် အတွေ့အကြုံများနှင့်အခက်အခဲများအပေါ် ရင်ဆိုင်ဖြေရှင်းရမည့် နည်းလမ်းများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း စီမံကိန်းများရေးဆွဲရာတွင် အကူအညီများဖြစ်ပေါ်စေရန်ရည်ရွယ် ကြောင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ မြိတ်ခရိုင်နှင့်မြို့နယ်များမှ သင်တန်း ၂၀ တက်ရောက်ပြီး သင်တန်းကာလမှာ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်တာ ရက်တိုသင်တန်းဖွင့်လှစ်ကြောင်းသိရသည်။