ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ခေါင်းလျှော်ရည်နှင့်ဆပ်ပြာချက်နည်းသင်တန်းဖွင့်ပွဲအား(၂၂.၇.၂၀၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတက်ရောက်သူများ အနေဖြင့် သင်တန်းမှပို့ချသည့် ဘာသာရပ်များအား စနစ်တကျလေ့လာသင်ယူစေလိုကြောင်း ပြောကြားခဲ့ပြီးနောက် သင်တန်းနည်းပြ ဆရာမများမှ သင်တန်းတွင်ပို့ချမည့် ခေါင်းလျှော်ရည်နှင့် ဆပ်ပြာချက်နည်းအမျိုးအမျိုးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား ညောင်လေးပင်မြို့နယ် သရက်ကုန်းကျေးရွာမှ သင်တန်း သူဦးရေ(၂၀)တက်ရောက်ပြီး သင်တန်းအား ကျွမ်းကျင်နည်းပြ(၂)ဦးမှ (၂၂.၇.၂၀၂၃)ရက်နေ့မှ (၂၉.၇.၂၀၂၃)ရက်နေ့ထိ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ညောင်လေးပင်ခရိုင်ကျေးလက်)