Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မော်လမြိုင်ကျွန်းမြို့နယ် ကျွန်းကြီး(အထက်စု)ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ နဝမအကြိမ်ထုတ်ချေး

25 July 23

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျွန်းကြီး(အထက်စု)ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေ နဝမအကြိမ်ထုတ်ပေးခြင်းကို ဇူလိုင်လ ၂၄ရက် မွန်းလွဲ ၁နာရီက ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာတာဝန်ခံ ဒေါ်အိအိအောင်မှ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကုစားပေးနိုင်ရန်အတွက်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း အသင်းသူအသင်းသားများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာတာဝန်ခံ ဒေါ်အိအိအောင်နှင့် ဝန်ထမ်းများက ကျွန်းကြီး(အထက်စု)ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့များနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၈၉)ဦးအား ငွေကျပ် (၃၇၈)သိန်း (၅)သောင်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၄၈)ဦးအား ငွေကျပ် (၆၅)သိန်း (၅)သောင်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၁၇)ဦးအား ငွေကျပ် (၃၆)သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၁၉)ဦးအား ငွေကျပ် (၂၈)သိန်း၊ စုစုပေါင်းစီမံကိန်းရန်ပုံငွေကျပ် (၅၀၈)သိန်းအား ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။