Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကော်မတီဖွဲ့စည်း

24 July 23

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင်ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း စတင်ဆောင်ရွက်မည် ဖြစ်သဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်မေဇွန်အောင် (ဦးစီးအရာရှိ)ဦးဆောင်သောအဖွဲ့မှ ( ၂၃.၇.၂၀၂၃ )ရက်နေ့တွင် ကျေးရွာသူ/သား များ၏ ဆန္ဒသဘောထားဖြင့် မြစိမ်းရောင်ကော်မတီဝင် (၇)ဦးအား ရွေးချယ်ဖွဲ့စည်းခဲ့ပါသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်မှ ဒေါ်မေဇွန်အောင်(ဦးစီးအရာရှိ)မှ မြစိမ်းရောင်စီမံကိန်းနှင့် ပတ်သက်၍ လက်စွဲစာဆောင်ပါ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များအား ကျေးရွာသူ/သား များအား ချပြရှင်းလင်းခဲ့ပြီး ကျေးရွာသားများမှ သိရှိလိုသည့်မေးမြန်းချက်များအား ချပြရှင်းလင်းကာ ကျေးရွာသူ့/သားများ၏ ဆန္ဒသဘောထားဖြင့် မြစိမ်းရောင်ကျေးရွာကော်မတီ (၇)ဦးအား ရွေးချယ်ဖွဲ့စည်းကာ အခမ်းအနားအား ညနေ(၃း၀၀)နာရီချိန်တွင် အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

အဆိုပါ ကွမ်းခြံကုန်းကျေးရွာသည် အိမ်ခြေ(၉၈)အိမ်၊ အိမ်ထောင်စု(၁၁၀)အိမ်၊ လူဦးရေ(၃၈၀)ဦး ရှိပြီး မြစိမ်းရောင်စီမံကိန်းအား ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုကြောင့် ကျေးရွာ၏ ကုန်ထုတ်လုပ်မှု၊ စီးပွားရေးများ တိုးတက်လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။