Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကုန်းကြမ်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်းအစည်းအဝေးများ ပြုလုပ်ပြီးစီး

22 July 23

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကုန်းကြမ်းမြို့နယ်၊ တာ့ကုန်းကြမ်းကျေးရွာအုပ်စု၊ ကျီချန်ကျိုင်း ကျေးရွာ၌ ရန်ပုံငွေကျပ်(၁၅)သန်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို မြေပြင်ပကတိအမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအစည်းအဝေးအား အဆိုပါ ကျေးရွာ၌ ဇူလိုင်လ(၁၈)ရက်၊ နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကုန်းကြမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ် ဦးစီးမှူး ဦးကျော်သက်ဝေ က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်ရခြင်း ၏ ရည်ရွယ်ချက်နှင့် စီမံကိန်းအကြောင်းအရာ၊ လုပ်ငန်းစဉ်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ စီမံကိန်း ကော်မတီဝင်များ၏တာဝန်ဝတ္တရားများ၊ ပါဝင်ဆောင်ရွက်ရမည့် အခန်းကဏ္ဍများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ကျေးရွာသူ/ ကျေးရွာသားများ၏ အများသဘောဆန္ဒနှင့်အညီ ဆန္ဒမဲပေးခြင်းများ ပြုလုပ်စေပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ကော်မတီအား ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကျေးရွာတွင် စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်သောကြောင့် သင်တန်း ပို့ချပေးခြင်း၊ ကျေးရွာ၏ ဒေသဆိုင်ရာ အချက်အလက်ကောက်ယူခြင်း၊ ကျေးရွာလူထုကိုယ်တိုင် စီမံကိန်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုး၍ အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။