ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ တန့်ယန်းမြို့နယ် နမ့်ဟူးလွယ်ကာကျေးရွာ၌ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းနှင့် ကျေးလက်စီးပွားမြှင့်မားရေးရန်ပုံငွေထူထောင်ရေးစီမံကိန်း(RBF) မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်းကို အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါနမ့်ဟူးလွယ်ကာကျေးရွာတွင် ခေတ်မီစံပြကျေးရွာဖြစ်စေရေးအတွက် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ကျေးလက်စီးပွားမြှင့်မားရေးရန်ပုံငွေထူထောင်ရေးစီမံကိန်းလည်ပတ်ရန်ပုံငွေများကို အစုအဖွဲ့ဖြင့်ဆောင်ရွက်မည့် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း တန့်ယန်းခရိုင်ဦးစီးမှူး၊ ဦးတင်အောင်လွင်ထံမှ သိရှိရသည်။