Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လောင်းလုံးမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ

21 July 23

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့်မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

          ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး(နည်းပညာ)ဦးလှိုင်အေးက အမှာစကားပြောကြားပြီး ထားဝယ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထက်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

          လောင်းလုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီရိဝင်းက သင်တန်းသူများအနေဖြင့် သင်တန်းက အတက်ပညာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိအသုံးပြုကာ မိသားစုဝင်ငွေတိုးပွားစေရေးလုပ်ငန်းများကို တစ်ဖက် တစ်လမ်းက ဆောင်ရွက်ကြစေလိုကြောင်း၊ပြောကြားသည်။ထိုနောက်သင်တန်းနည်းပြများက သင်တန်း တက်ရောက်ရာတွင် လိုက်နာမည့်စည်းမျဉ်း၊ စည်းကမ်းများ သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။

          အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို လောင်းလုံးမြို့နယ်ရှိ ကျေးရွာများမှ သင်တန်းသူ (၁၅)ဦး တက်ရောက်ကြပြီး သင်တန်းတွင် အခြေခံစက်ချုပ်သင်တန်းနှင့် ပတ်သက်သော ဘာသာရပ်များကို နည်းပြဆရာများက စာတွေ့လက်တွေ့ဖြင့် နှစ်လကြာ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။