တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ရေဖြူမြို့နယ် မင်းဒပ်ကျေးရွာ၌ ဇူလိုင် ၁၉ ရက်တွင် VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းကို ကျင်းပသည်။
ရှေးဦးစွာ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ် ဦးစီးမှူး ဒေါ်တင်တင်လင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)အကောင်အထည်ဖော်ဆောင်ရွက် ရခြင်းရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်းစဉ်များကို ပြောသည်။
လက်ဆက်၍ ရေဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဒုတိယဦးစီးမှူး ဦးမြင့်ဦးအောင်က ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ စီမံကိန်းကော်မတီဝင်များ၏ တာဝန်ဝတ္တရား များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတွင်ပါရှိသော ကျေးရွာသူ/သားများက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကော်မတီဝင် ခုနစ်ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်း ပေးကြောင်းသိရသည်။