၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာက မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းဖြင့် အခြေခံအပ်ချုပ်စက်သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ပဲခူးမြို့နယ် ၊ ရွာသစ်ကျေးရွာ၊ သင်တန်းခန်းမ၌ (၁၄. ၇. ၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးမှ အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ထူးချွန်ဆု ရရှိသော သင်တန်းသူ(၄)ဦးအား ဆုချီးမြှင့်ပေးခဲ့ပြီးဆုရှိသည့် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းကို ၁.၆.၂၀၂၃ ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/ သူ (၂၅)ဦးတက်ရောက်ခဲ့ပါသည်။အဆိုပါ သင်တန်းဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွါးစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။