Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး ရေပေးရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်း

11 July 23

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး ရေပေးရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်း
=============================================================
မကွေး ဇူလိုင် ၁၀
============
 
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များတွင်တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးရည်ရွယ်၍ ရေပေးရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁နာရီ က မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
 
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်ဦး က သင်တန်းဆင်းအမှာစကားပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြများအား လက်ဆောင်ပစ္စည်းများပေးအပ်သည်။ ထို့နောက် သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။
 
 
အဆိုပါ ရေပေးရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်ဦး နှင့်ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူ (၂၀)တို့တက်ရောက်ခဲ့ပြီး သင်တန်းတွင် Feasibility Study၊ Rural law and water committee၊ Quantity of water၊ Pump Calculation၊ Well Drilling၊ Recharge Well၊ Estimate တွက်ချက်ခြင်း အစရှိသည့်သင်ခန်းစာဘာသာရပ်များအား ရက်သတ္တတစ်ပတ် ကြာဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။