Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြန်အောင်မြို့နယ်တွင်၂၀၂၃-၂၀၂၄ခု၊ဘဏ္ဍာရေးနှစ်စီမံကိန်းရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်

11 July 23

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊မြန်အောင်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို (၁၁.၀၇.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး၊မြန်အောင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဥက္ကဌနှင့်မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊မြစိမ်းရောင် စီမံကိန်းကျေးရွာ(၂)ယူနစ်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်ကျေးရွာ(၁၀)ရွာမှ ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များ ၊ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဝင်များတက်ရောက်ခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၌ မြန်အောင်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအား Type-1 အမျိုးအစား(ကျပ်သိန်း၃၀၀)(၂)ယူနစ်၊ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အားကျပ်(၁၅၀)သိန်းစီဖြင့် (၁၀)ရွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်း ရန်ပုံငွေကျပ်(၂၁၀၀)သိန်းအား လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)(၁၀)ရွာတွင်ကျေးရွာလမ်းအဆင့်မြင့်တင်ခြင်းလုပ်ငန်း(၁၀)ခုအားပြည့်သူထည့်ဝင်ငွေစုစုပေါင်း(၅၁၀.၇၃)သိန်းဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။