ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ တံတားဦးကျေးရွာ၊ ရွှေကျောင်းစံပြဧက(၁၀၀) စိုက်ကွင်း လယ်ယာကုန်ထုတ်လမ်းပေါ်ရှိ Box Culvert (၄)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ထွန်းလသာ ကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်လျက်ရှိရာ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးအတွက် လုပ်ငန်းခွင် ဆောင်ရွက်နေမှု အခြေအနေများအား (၀၇.၀၇.၂၀၂၃)ရက်နေ့တွင် မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦး(လက်ထောက်ညွှန်ကြားရေးမှူး-နည်းပညာ)မှ ကွင်းဆင်းစစ်ဆေးခြင်း၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။