Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

11 July 23

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)များ၏ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို (၀၅.၀၇.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊မြို့နယ်စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊သက်ဆိုင်ရာ စီမံကိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊မြစိမ်းရောင် စီမံကိန်းကျေးရွာ(၂)ယူနစ်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(၁၁)ရွာမှ ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၌ အင်္ဂပူမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း Type-1 အမျိုးအစား(ကျပ်သိန်း၃၀၀)(၂)ယူနစ်၊ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျပ်(၁၅၀)သိန်းစီဖြင့် (၁၁)ရွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်း ရန်ပုံငွေကျပ်(၂၂၅၀)သိန်းအား လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများအနေဖြင့် လမ်းလုပ်ငန်း(၈)ခု၊မီးလင်းရေးလုပ်ငန်း(၁)ခု၊ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်း(၁)ခု၊တံတားတည်ဆောက်ခြင်းလုပ်ငန်း(၁)ခုတို့  ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူထည့်ဝင်ငွေအဖြစ် တစ်ရွာလျင် ကျပ်သိန်း(၃၀)တန်ဖိုး လုပ်အားထည့်ဝင်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။