Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ထားဝယ်မြို့နယ် ဇဟာကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဆင်းပွဲအခမ်းအနား

11 July 23

          တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဇဟာကျေးရွာ၌ ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးရဲခေါင်က  သင်တန်းပို့ချမှု ဘာသာရပ်များကို သိရှိရုံမဟုတ်ဘဲ လက်တွေ့နယ်ပယ်တွင် မိသားစု ဝင်ငွေတိုးပွားအောင် လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

          ဆက်လက်၍ ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်ထက်နောင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး ထားဝယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စိုးစိုးသီက သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

          အဆိုပါသင်တန်းသို့ ဇယာကျေးရွာမှ သင်တန်းသူ ၁၀ ဦး တက်ရောက်ကြပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြများက အင်္ကျီ၊လုံချည် ချုပ်နည်းအမျိုးမျိုးကို မေ ၈ ရက်ထိ နှစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။