ငပုတောမြို့နယ် ဇူလိုင် (၄) ရက်
ငပုတောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၃ - ၂၀၂၄ ခု ၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ (၁၀)ရွာရှိ သင်တန်းသား/သူ (၂၀)ဦးအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲခြင်း အစီအစဉ် (AVIP) သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဒေါ်ရွှေရည်သင်း (ဦးစီးအရာရှိ - နည်းပညာ)မှ သင်တန်းဖွစ်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စီမံကိန်းတာဝန်ခံများမှ သင်တန်းကို စာတွေ့၊ လက်တွေ့ဖြင့် တစ်ရက်တာ သင်တန်းပို့ချခဲ့ကြောင်း ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ဦးစီးအရာရှိ - နည်းပညာ) ဒေါ်ရွှေရည်သင်း ထံမှ သိရသည်။