Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သုံးခွ စပယ်ချောင်ကျေးရွာတွင် မော်တာအပ်ချုပ်စက်သင်တန်းဖွင့်

07 July 23

                 ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငေွဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိ၍ မိသားစု ဝင်ငွေတိုးပွားစေရန်၊ ဆင်းရဲနှုန်းလျော့ကျစေရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ စပယ်ချောင်ကျေးရွာဓမ္မာရုံ၌ ဇူလိုင် ၄ ရက် နံနက် ၉ နာရီခွဲက အသက် မွေးဝမ်းကျောင်းအထာက်အကူပြု မော်တာအပ်ချုပ်စက် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

               အခမ်းအနားတွင် သန်လျင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးစ ဒေါ်စိုးစိုးမြင့်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်များကို ပြောကြားသည်။

          အဆိုပါသင်တန်းသို့ သင်တန်းသား ၂၀ တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြနှစ်ဦးက စာတွေ့လက်တွေ့၄၅ ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်သည်။ သင်တန်းဖွင့်ပွဲအပြီးတွင် ခရိုင်ဦးစီး မှူး နှင့်အဖွဲ့သည် စပယ်ချောင် ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ ဉက္ကဌနှင့် အဖွဲ့ဝင်များအား တေွ့ဆုံ ကာ စာရင်းဇယားနှင့် မြစိမ်းရောင်ချေးငေွဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။ဆက်လက်၍ မွမ်းမံရန်ပုံငွေဖြင့် မြေသားရေကန် အနက်နှိုက်ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရေကော်မတီဝင်တို့နှင့်အတူ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။