Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကျင်းပ

06 July 23

ဧရာဝတီ ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့်  မိသားစုဝင်ငွေများ တိုးပွားစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၈ရက် ၊ဇွန်လ၊ ၉ နာရီ အချိန်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပုသိမ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဌေးနိုင်မှ အဖွင့်အမှာ စကားပြောကြားပါသည်။

ဆက်လက်၍ သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ၊ ဦးမင်းဧရာထိုက်မှ အမှာစကား ပြောကြားခဲ့ပြီး သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်မှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချမည့် ဘာသာရပ်ဆိုင်ရာများကို စနစ်တကျ လေ့လာ သင်ယူပြီးရရှိလာမည့် အတက်ပညာများကို အကျိုးရှိစွာ အသုံးချဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားသည်။

ထို့နောက်သင်တန်းနည်းပြ ဆရာက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်း ပြောကြားကာ တက်ရောက်လာသည့် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ကြပါသည်။

အဆိုပါ သင်တန်းကို သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ သင်တန်းသား(၃၀)ဦးကို  သင်တန်းနည်းပြဆရာမှ (၂၅)ရက်ကြာ စာတွေ့ လက်တွေ့ဖွင့်လှစ် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဒေါ်တင်တင်နွယ်ထံမှ သိရသည်။