Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပင်လောင်းမြို့နယ်၊ သစ်ပင်ကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်း

06 July 23

ပင်လောင်းမြို့နယ်၊ သစ်ပင်ကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်း

==================================================================================================
ပင်လောင်း ဇူလိုင်လ ၆  ရက်
======================
 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း အခမ်း အနားကို ယနေ့နံနက်ပိုင်းက‌ ပင်မွန်းကျေးရွာအုပ်စု၊‌ သစ်ပင်ကြီးကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
 
 ရှေးဦးစွာ ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက ‌သစ်ပင်ကြီးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံ ကိန်း မှ ရရှိလာမည့်အကျိုးကျေးဇူးများ၊ အတိုးနှုန်းကာလ သတ်မှတ်ချက်များ နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပြောကြားသည်။
 
ဆက်လက်၍ စီမံကိန်းတာဝန်ခံ နှင့် ဝန်ထမ်းများက ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ကဏ္ဍာအလိုက် ရှင်းလင်း‌ဆွေးနွေး ကာ တက်ရောက်လာကြသော သစ်ပင်ကြီးကျေးရွာ မှ ရပ်မိရပ်ဖများ၊ ကျေးရွာသူ / ကျေးရွာသားများက မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အမှန်တကယ်ဆောင်ရွက်နိုင်သည့် ကျေးရွာလုပ်ငန်းအဖွဲ့ဝင်( ၇ )ဦးကို အများသဘောဆန္ဒ နှင့် အညီ မဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။
 
ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနူန်း ကို လျော့ချနိုင်ရန်၊ တိုးပွား လာသော ရန်ပုံငွေများဖြင့် ‌ကျေးရွာတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နှင့် ကျေးလက်လူထု၏စွမ်းဆောင်ရည်တိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် သစ်ပင်ကြီးကျေးရွာတွင် မြစိမ်း
ရောင် ကျေးရွာစီမံကိန်း (Type-2) အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း( ၂၀၀ )ဖြင့် တနိုင်တပိုင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း နှင့် မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ တိုးချဲ့ လုပ် ကိုင်နိုင်ရန် အတိုးနူန်းသက်သာစွာဖြင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်း ထံမှ သိရသည်။
 
 
 
 
 
                                                                                                                                                                                                                                                                          မောင်ခိုင်
                                                                                                                                                                                                                                                                           ကျေးလက်