Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးနဲမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်း (အခမဲ့)ဖွင့်လှစ်

05 July 23

မိုးနဲမြို့နယ်၌  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်း (အခမဲ့)ဖွင့်လှစ်
===================================================================
 
မိုးနဲ   ဇူလိုင်    ၅ ရက်
===============
 
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ‌၂၀၂၃-၂၀၂၄ခု ဘဏ္ဌာရေးနှစ်တွင် ကျေးလက်နေပြည်သူများ အသက်မွေးဝမ်း ကျောင်းအထောက် အကူပြုစေရန် နှင့်အလုပ် အကိုင်အခွင့်အလမ်းများ ရရှိပြီး  ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်း ဖွင့်ပွဲကို   ဇူလိုင်လ ( ၅ )  ရက်နေ့  နံနက်ပိုင်းက   အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပခဲ့ကြောင်းသိရသည်။
 
ရှေးဦးစွာ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခွန်မြင့်သောင်းက ကျေးရွာများ၏ ဒေသထုတ်ကုန်များ၊စျေးကွက်လိုအပ်ချက်များ၊ လုပ်သားလိုအပ်ချက်များ၊ ဒေသနှင့် ကိုက်ညီသည့် အသက်မွေး ဝမ်း‌ကျောင်း သင်တန်းလိုအပ်ချက်များကို ဆန်းစစ်ရွေးချယ်ပြီး ယခုလို အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပို့ချပေးရခြင်း ဖြစ်ကြောင်းအမှာစကား ပြောကြားသည်။
 
ဆက်လက်၍  မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးမည့် ပညာရပ်များကို ကြိုးစာယူသွားကြရန် မှာကြားပြီး ခရိုင်ဦးစီးမှူး၊မြို့နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများက သင်ထောက်ကူပြုပစ္စည်း‌များအား သင်တန်းသူများထံသို့ အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့သည်။
 
 
အဆိုပါ အသက်မွေးဝမ်းကျောင်း  အထောက်အကူပြု အလှပြင်သင်တန်းသို့ မြို့နယ်အတွင်းရှိ  ခိုတိဝိုးကျေးရွာ၊  လွိုင်လင်းကျေးရွာ၊  ကုန်းကျောင်း‌ ကျေးရွာ၊  ပန်အူ‌ ကျေးရွာ၊ နမ့်မော်ဆွမ်ကျေးရွာ၊ ဝမ်ယေးကျေးရွာ၊ နားခံ‌ ကျေးရွာ၊ မယ်ဇလီမြိုင် ကျေးရွာနှင့် ခဲနှုတ်ခမ်း ကျေးရွာတို့မှ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် မျက်နှာပေါင်းတင်နည်းအမျိုးမျိုး၊ဖောင်ဒေးရှင်း မိတ်ကပ်လိမ်းနည်း၊ ပေါင်ဒါမျိုးစုံအသုံးပြုနည်း၊ ကာလာစုံခြယ်နည်းမျိုးမျိုး၊ နှုတ်ခမ်းနီပုံဖော်နည်းနှင့်  ဆံပင်ပုံစံ အလှပြုပြင်နည်းများကို ကျွမ်းကျင် နည်းပြ ဆရာမ (၂) ဦးက ဇူလိုင်လ ၅ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ၁၅ ရက်ကြာ  စာတွေ့လက်တွေ့ (အခမဲ့ )သင်ကြား‌ ပို့ချမည်ဖြစ်ကြောင်း နမ့်စန်ခရိုင်ဦးစီမှူး ဦးခွန်မြင့်သောင်းထံမှ   သိရသည်။
 
 
 
 
                                                                                                                                                                                                                                                                               မောင်ခိုင်
                                                                                                                                                                                                                                                                                ကျေးလက်