Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မကွေးတိုင်းဒေသကြီး၌ ရေပေးရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

06 July 23

မကွေးတိုင်းဒေသကြီး၌ ရေပေးရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်
=======================================================
မကွေး ဇူလိုင် ၅
============
 
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များတွင်တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးရည်ရွယ်၍ ရေပေးရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
 
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်ဦး ကအမှာစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးမျိုးဝင်း ကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းတွင်ပို့ချမည့် သင်ခန်းစာဘာသာရပ်များအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။
 
အဆိုပါ ရေပေးရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်ဦး နှင့်ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းသား၊ သင်တန်းသူ (၂၀)တို့တက်ရောက်ခဲ့ပြီး သင်တန်းတွင် Feasibility Study၊ Rural law and water committee၊ Quantity of water၊ Pump Calculation၊ Well Drilling၊ Recharge Well၊ Estimate တွက်ချက်ခြင်း အစရှိသည့်သင်ခန်းစာဘာသာရပ်များအား (၇)ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။