Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တောင်ကြီးမြို့နယ် ဖာမွန်း(တ)ကျေးရွာ၌ Mobile Financial l Payment စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (သတ္တမ )အကြိမ်ထုတ်ချေး

20 June 23

တောင်ကြီးမြို့နယ် ဖာမွန်း(တ)ကျေးရွာ၌ Mobile Financial l Payment စနစ်ဖြင့်  မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (သတ္တမ )အကြိမ်ထုတ်ချေး
=============================================================================================================
တောင်ကြီး ဇွန်  ၂
=============
 
 
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက True Money Myanmar နှင့်ပူးပေါင်း၍ Mobile Financial Payment စနစ်အသုံးပြုပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ သတ္တမအကြိမ်မြောက် ထုတ်ချေးခြင်းကို ဇွန်လ (၂၀)ရက်နေ့  နေ့လည်ပိုင်းက ဖာမွန်းကျေးရွာအုပ်စု၊ဖာမွန်း(တ)ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
 
ရှေးဦးစွာ တောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်နိုင်ဝင်းက  ပြောကြားရာတွင်  မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာများရှိ ကျေးလက်နေပြည်သူများ    ဒီဂျစ်တယ်နည်းပညာသုံး ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို လက်လှမ်းမီစေရန်၊ အုပ်ချုပ်မှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးနှင့် ကုန်ကျစရိတ်သက်သာစေရန်ရည်ရွယ်၍  Mobile Phone အသုံးပြုကာ ချေးငွေများထုတ်ချေးပေးခြင်း   အစီအစဉ်ကို ဆောင်ရွက်ပေး ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
 
ဆက်လက်၍ True Money Myanmar မှ တာဝန်ခံ ဦးစိုင်းသီဟမင်းနှင့်တာဝန်ရှိသူများက True Money အကောင့်များဖွင့်လှစ်ရာတွင်လိုအပ်သော အချက်များနှင့်  ငွေလွဲ/ ငွေလွှဲငွေထုတ်ပြုလုပ်ရာတွင်လည်း နီးစပ်ရာ True Money Myanmar အေးဂျင့်ဆိုင်များတွင် ငွေလွှဲနူန်း သက်သာသောနူန်းဖြင့် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
 
ထိုနောက် မြို့နယ်ဦးစီးမှူး နှင့် True Moneyမှ တာဝန်ရှိသူများက ဖားမွန်(တ)ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းအသင်းသူ/သားများကို Mobile Financial Payment စနစ်အသုံးပြုပြီး သတ္တမအကြိမ်မြောက် ချေးငွေများအဖြစ် စိုက်ပျိုးရေးလုပ်ငန်း(၄၃)ဦး‌၊ ချေးငွေကျပ် (၃၉၀)သိန်း၊မွေးမြူရေးလုပ်ငန်း(၁၆)ဦး၊ ငွေကျပ်(၁၇၅)သိန်း စုစုပေါင်းအသင်းသား(၅၉)ဦးအား စီမံကိန်းရန်ပုံ‌ငွေ ကျပ် (၅၆၅) သိန်း ကို ထုတ်ချေးပေးခဲ့သည်။
 
ဖာမွန်း(တ)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ်မှ စတင်၍ ရန်ပုံ ငွေကျပ် (၃၀၀)သိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ အဆိုပါ ကျေးရွာရှိ  အသင်းသူ/သား (၅၉)အား    အရင်းမ ပျောက်လည်ပတ်ရန်ပုံငွေကျပ် (၅၆၅)အား အတိုးနှုန်း သက်သာစွာ ထုတ်ချေးပေးထားနိုင်ကြောင်း တောင်ကြီးမြို့နယ် ဦးစီးမှူး ဦးအောင်နိုင်ဝင်းထံမှ သိရသည်။
 
 
 
 
                                                                                                                                                                                                                                                               မောင်ခိုင်
                                                                                                                                                                                                                                                              ကျေးလက်