တောင်ကြီးမြို့နယ်၊ ဟဲကယ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်း
================================================================================================
တောင်ကြီး ဇူလိုင် လ (၂)ရက်
======================
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်ကွပ်ကဲမှုအောက်ရှိ တောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း အခမ်း အနားကို ယနေ့နံနက်ပိုင်းက မိုင်းသော်(ရှေ့) ကျေးရွာအုပ်စု၊ ဟဲကယ်ကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းမှရရှိလာမည့် အကျိုး ကျေးဇူး များ၊ အတိုးနှုန်းကာလ သတ်မှတ်ချက်များ နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်း နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက် များ၊ ကျေးရွာမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ကဏ္ဍာအလိုက် ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသော ဟဲကယ်ကျေးရွာ မှ ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကို အမှန်တကယ်ဆောင်ရွက်နိုင်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်(၇)ဦးကို အများသဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။
တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ဟဲကယ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ( Type-1) ကျပ်သိန်း ( ၃၀၀) ဖြင့် တနိုင်တပိုင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း နှင့် မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန် အတိုးနူန်း သက်သာစွာဖြင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာ ထံမှ သိရသည်။
မောင်ခိုင်
ကျေးလက်