၂၀၂၃ ခုနှစ် ဇူလိုင် လ (၃) ရက်
၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လွိုင်ကော်မြို့နယ်၊ ရေနီကန်ကျေးရွာ လယ်ယာကုန်ထုတ်လမ်း၊ ရေနီကန်ကျေးရွာ ရေသန့်စင်စက်ရုံတည်ဆောက်ခြင်း၊ ရွာတန်းရှည်ကျေးရွာ တွင်းတိမ်တူးဖော်ခြင်းနှင့် မှုံပြာကျေးရွာ တွင်းတိမ်တူးဖော်ခြင်းလုပ်ငန်းများအား ပြည်နယ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)၊ ဦးစီးအရာရှိ(နည်းပညာ)များနှင့် ခရိုင်၊ မြို့နယ်မှ တာဝန်ရှိဝန်ထမ်းများကွင်းဆင်းစစ်ဆေးခဲ့ပါသည်။