သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ဒလ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို ဇွန် ၃၀ ရက် မွန်းတည့် ၁၂ နာရီက ဒလ မြို့နယ် တုံတင်ဂံတောင်ကျေးရွာအုပ်စု သက်ကယ်ကွင်းကျေးရွာ၌ ကျင်းပသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲတွင် ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါထွန်းက ဒလမြို့နယ် တုံတင်ဂံကျေးရွာအုပ်စု သက်ကယ်ကွင်းကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အား မိတ်ဆက်ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါထွန်း နှင့် တာဝန်ရှိရှိသူများသည် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ တုံတင်ဂံတောင်ကျေးရွာအုပ်စု သက်ကယ်ကွင်းကျေးရွာသို့ ကွင်းဆင်းကာ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့အား ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒလမြို့နယ် တုံတင်ဂံတောင်ကျေးရွာအုပ်စု သက်ကယ်ကွင်းကျေးရွာတွင် အိမ်ထောင်စု ၂၉၅ စု နှင့် လူဦးရေ ၁၀၈၁ ဦး ရှိပြီး ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် သိန်း ၃၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။